ပရော်ဖက်ဆာ ဒေါက်တာ ရမ်းတုတ်၏ ရမ်းတုတ် မှန်းတုတ် မှတ်စုများ

Tuesday, March 11, 2014

လှပသောအသားအရည် ပိုင်ဆိုင်လိုလျှင် ဒါတွေကို နေ့စဉ်စားပါ။

0 comments
သင့် အနေနဲ့ စိုပြေ လှပသော အသားအရည်ကို ပိုင်ဆိုင်ဖို့အတွက် ဈေးကြီး ပေးဝယ်ရတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုနေကြရပါသလား? ဒါဆိုရင်တော့ ဈေးနှုန်းကြီးမြင့်လှတဲ့ ဒီပစ္စည်းတွေအစား ဈေးနှုန်းချိုသာပြီး စွမ်းရည်ထက်လှတဲ့ အောက်ပါ အစားအစာတွေကို စားသုံးပေးခြင်းဖြင့် စိုပြေ၀င်းပတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်ကြောင်း ဖောက်သည်ချပါရစေ။ အသားအရည် စိုပြေ၀င်းပစေတဲ့ အစားအစာ (၁၀) မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။  
၁။ အနီရောင် ငရုပ်ပွသီး
ဒီအနီရောင် ငရုပ်ပွသီးတွေကို ချက်ပြုတ်ပြီးလည်း စားသောက်နိုင်သလို၊ ဒီအတိုင်းလည်း စားသောက်နိုင်ပါတယ်။ အရသာ ရှိတဲ့ အသီးအနှံတစ်မျိုးပါပဲ။ အနီရောင် ငရုပ်ပွသီးမှာ ဆိုရင် နေ့စဉ် လိုအပ်တဲ့ ဗီတာမင် စီ ဓါတ် ၁၀၀ ရာခိုင်နှုန်းအထက် ပါရှိပါတယ်။ ဒါ့အပြင် လုံလောက်တဲ့ ဖိုင်ဘာဓါတ်တွေနဲ့ ဗီတာမင် B6 လည်း ပါဝင်ပါသေးတယ်။ ဒီထက် ပိုပြီး ပြောရရင်တော့ အနီရောင် ငရုပ်ပွသီးမှာ carotenoid တွေ ပေါပေါများများ ပါဝင်တာကြောင့်မို့ အရေပြား တွန့်ကြေခြင်းကိုလည်း တားဆီးပေးပြီး အရေပြား သွေးကြောလှည့်ပတ်အားကိုလည်း ကောင်းစေနိုင်ပါတယ်။ ပိုပြီးတော့ နုပျိုစေနိုင်ပါတယ်။ ဒီအနီရောင် ငရုပ်ပွသီးဟာ ဆိုရင် မျက်နှာ အလှပျက်စေတဲ့ ၀က်ခြံတွေကို နှိမ်နှင်းဖို့အတွက်တော့ တကယ်ကောင်းတဲ့ အသီးအနှံတစ်ခုပါပဲ။

မျက်လုံးထဲ အသည်းနှလုံး ထည့်ကြမလား?

0 comments


အမေရိကန် နိုင်ငံ၊ နယူးယောက် က Kristina Kovalevskaya အမည်ရတဲ့ အမျိုးသမီးဟာ Park Avenue Laser Vision မှ ဒေါက်တာ Emil Chynn ထံမှာ အရွယ်အစား အားဖြင့် 3.5mm ရှိတဲ့ ပလက်တီနမ် အသည်းနှလုံးပြားလေးကို သူမရဲ့ မျက်လုံးအတွင်း ထည့်သွင်းခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူမဟာ နယူးယောက်ရဲ့ အမျိုးသမီးထုကြားမှာ မျက်လုံးအတွင်း ကျောက်မျက်ရတနာ ထည့်သွင်းတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လို့ လာခဲ့ပါတယ်။ သူမ အနေနဲ့ ယခု ထည့်သွင်းထားတဲ့ အသည်းနှလုံးပုံ အစား အခြားသော ပုံစံတွေကိုလည်း ပြောင်းလဲ ထည့်သွင်းသွားချင်ပါတယ်လို့ ပြောခဲ့ပါသေးတယ်။

ဒီမျက်လုံးအတွင်း ထည့်သွင်းတဲ့ ကျောက်မျက်ရတနာ တွေဟာဆိုရင် FDA နဲ့ American Academy of Ophthalmology ကနေ စစ်ဆေးထားတဲ့ ကျောက်မျက်တွေ မဟုတ်ကြပါဘူး။ ဒါကြောင့် ရောဂါတွေအတွက်တော့ အာမခံချက် မရှိပါဘူး။ ဒေါက်တာ Emil Chynn ရဲ့ စကားအရ ဒီလို မျက်လုံးအတွင်း ကျောက်မျက်ထည့်သွင်းတဲ့ အခါမှာ အနည်းငယ် သွေးထွက်နိုင်ပါတယ်။ ရောဂါလည်း ကူးစက်နိုင်ပါတယ်။ ဒါပေမယ့်လို့လည်း သူတို့အနေနဲ့ ရောဂါတွေအတွက် ကာကွယ်ဆေးတွေကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ပြီးတော့လည်း မျက်လုံးအတွင်း ထည့်သွင်းထားတဲ့ ကျောက်မျက်ရတနာတွေကို ပုံစံပြောင်းလဲ ထည့်သွင်းချင်ပါကလည်း ဒေါ်လာ ၁၀၀၀ ပေးလို့ အချိန်မရွေး ပြန်ပြီး လဲလှယ်နိုင်ကြောင်းလည်း သိရပါတယ်။

Website : Park Avenue Laser Vision  
Read Full Story @ DailyMail  
Watch Video : http://www.youtube.com/watch?v=VH3EpgOt-z8

Sunday, March 9, 2014

အနာဂါတ်တွင် ထုတ်လုပ်သွားမည့် မြန်နှုန်းမြင့် ပြတင်းပေါက် မပါသည့် လေယာဉ်

0 comments

အနာဂါတ်မှာ ထုတ်လုပ်သွားမယ့် အသံထက်မြန်ဆန်တဲ့ လေယာဉ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီလေယာဉ်ကို Business Jet အနေနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Spike Aerospace (S-512) အမည်ရှိတဲ့ ဒီလေယာဉ်ကို လာမယ့် ၂၀၁၈ ခုနှစ်မှာ ပြသသွားဖို့ ရည်မှန်းထားပြီး ခရီးစဉ်များစွာရဲ့ ကြာချိန် ထက်ဝက်ခန့်ကို လျှော့ချသွားနိုင်ရန် ရည်မှန်းထားပါတယ်။

ထူးထူးခြားခြား ခန္ဓာကိုယ် သွယ်လျစေမည့် နည်းလမ်းများ

0 comments
မနက်စာ ခပ်ချိုချို မုန့်တွေကို စားသုံးပါ။



ဝိတ်ချနေတဲ့လူတွေရဲ့ စားသောက်မှုကို လေ့လာကြည့်တဲ့အခါ အဲ့ဒီလူတွေဟာ ဒီထက်ပိုပြီး ၀ိတ်တက်မလာအောင် သူတို့ရဲ့ မနက်စာအဖြစ် အချိုပါတဲ့ အစားအစာတွေကို များများ စားသောက်တတ်ကြပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုတော့ကာ ... အဲ့ဒီနေ့ အဲ့ဒီရက်ရဲ့ ကျန်ရှိနေတဲ့ အချိန်ပိုင်း (နေ့ခင်း၊ ညနေ၊ ည) တွေမှာ အချိုတွေ စားခြင်းကို ထိန်းချုပ်ဖို့ အတွက်ပဲ ဖြစ်ပါသတဲ့။

Thursday, February 27, 2014

ပုရွက်ဆိတ်နဲ့ လူဟာ အလေးချိန် အတူတူပါပဲ။

0 comments

ဟောဗျာ ....။
ဘယ့်နှယ်ဟာကြီးတုန်း ....။
ပုရွက်ဆိတ် ဆိုတာ ပုစိညှောင့်တောင့်လေး ....။
လူဆိုတာက ပုရွက်ဆိတ်နဲ့ ယှဉ်ရင် ဂေါ်ဇီလာ နဲ့ ခြင်နဲ့လောက် ကွာလိမ့်မယ် ထင်တယ်။
ဒါကိုပဲ ပုရွက်ဆိတ်နဲ့ လူ ... အလေးချိန် အတူတူ ဆိုတော့ကာ ....

ဟုတ်ပါတယ်။
ပုရွက်ဆိတ် အကောင်ရေ တစ်သန်းဟာ ဆိုရင် လူတစ်ယောက်နဲ့ ညီမျှပါသတဲ့။
မယုံရင် ပုရွက်ဆိတ်တွေ စုပြီး တိုင်းကြည့်ပေါ့။
ဒီထက် ဆန်းတာကို ပြောရရင်တော့ ...

ဟောဒီကမ္ဘာကြီးပေါ်မှာ ရှိရှိသမျှ လူသားတွေရဲ့ အလေးချိန်နဲ့ ရှိရှိသမျှ ပုရွက်ဆိတ်တို့ရဲ့ အလေးချိန်ဟာ တူညီပါသတဲ့။
ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။
ပုရွက်ဆိတ်တွင်း တစ်တွင်း ဆိုရင်တောင် အကောင်တွေက နည်းတာ မဟုတ်ဘူး။

{-} By - YanTote

Tuesday, February 25, 2014

ကော်ဖီ အကြောင်း တစေ့တစောင်း

0 comments
၁။ ကက်ပချီနို (Cappuccino)

ဒီကော်ဖီ ကတော့ သိတဲ့အတိုင်းပဲ။
ကော်ဖီရဲ့ အပေါ်မှာ အဖြူရောင် အမြှုပ်လေးတွေ ထနေတဲ့ ပြစ်နှစ်နှစ် ကော်ဖီတစ်မျိုးပေါ့။
ဒီကော်ဖီရဲ့ အမည်က ကက်ပချီနို (Cappuccino)။
ကက်ပချီနို (Cappuccino) ဆိုတဲ့ အမည်ဟာ ဘယ်က ဆင်းသက်လာသလဲ ဆိုတာ သိကြသလား။
မသိရင် ပြောပြမယ်။ ဒီလိုဗျ။
ကက်ပူချင် ဘုန်းတော်ကြီးတွေ (Capuchin monks) ရဲ့ ၀တ်စားဆင်ယင်မှုကနေပြီးတော့ ဒီအမည် ကက်ပချီနို ဟာ ဆင်းသက်လာခဲ့တာပါတဲ့။
မယုံရင် ပုံကို ကြည့်ပါ။ ယှဉ်ပြထားပါတယ်။ ခေါင်းပေါ်မှာ အဖြူရောင် ဦးထုပ် ခပ်ပျော့ပျော့လေးကို ဆောင်းထားပြီး အညိုရောင် ၀တ်ရုံကို လွှမ်းခြုံထားတာဟာ ကက်ပူချင် ဘုန်းတော်ကြီးပေါ့။
ဒီကော်ဖီဟာလည်း ဒီပုံစံနဲ့ ဆင်ဆင် တူတဲ့အတွက် နာမည်ကိုလည်း ကက်ပချီနို (Cappuccino) လို့ ပေးခဲ့ကြတာပါတဲ့။

Monday, February 24, 2014

၅၄ နှစ်ကြာမှ ပန်းဝင်ခဲ့တဲ့ မာရသွန် အပြေးသမား

0 comments

ခုနှစ်အားဖြင့် ... ၁၉၁၂ ခုနှစ် ...။
အိုလံပစ် ပြိုင်ပွဲကြီး ကျင်းပနေချိန်ပေါ့ ....။
ဒီပြိုင်ပွဲမှာ ဂျပန်လူမျိုး တစ်ယောက်ဟာ မာရသွန် အပြေးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
မာရသွန် အပြေးသမားတွေ အသီးသီး ကိုယ်စီ ပန်းဝင်သွားခဲ့ကြတယ်။
သူတို့ ... နောက်ဆုံး ကျန်ရှိတဲ့ မာရသွန် အပြေးသမား ဂျပန် တစ်ယောက်ကို စောင့်မျှော်လို့ နေခဲ့ကြပါတယ်။
ဒါပေမယ့် .. မျှော်သာမျှော် ပေါ်မလာသူက စိမ်းကားလို့ သွားခဲ့ပါတယ်။
ဟုတ်ပါတယ်။ ဒီပြိုင်ပွဲအတွင်း ဂျပန် မာရသွန် အပြေးသမားတစ်ယောက်ဟာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။

ခုနှစ်အားဖြင့် ... ၁၉၆၇ ခုနှစ် ...။
ဒီနှစ်မှာ ၁၉၁၂ ခုနှစ်က မာရသွန်ပြိုင်ပွဲအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ ဂျပန် အပြေးသမား ကို ပြိုင်ပွဲ အပြီးသတ်ပေးဖို့ ဖိတ်ခေါ်ခဲ့ကြတယ်။
နေရာက ဆွီဒင်နိုင်ငံမှာပါ။
ဒီဂျပန်ကြီးကလည်း ပြိုင်ပွဲကို ပန်းဝင်ပေးခဲ့ပါတယ်။
ဂျပန်ကြီးရဲ့ ခြေလှမ်းတွေ ပန်းဝင်စည်းကို နင်းဖြတ်လိုက်တဲ့ အချိန်မှာပဲ အစီအစဉ်ကြေညာသူက ထ အော်ပါတော့တယ်။

"ဟုတ်ကဲ့ခင်ဗျာ ....။
အခု ပန်းဝင်လာတဲ့လူရဲ့ စံချိန်ကတော့ ...
၅၄ နှစ်၊ ၈ လ၊ ၆ ရက်၊ ၅ နာရီ၊ ၃၂ မိနစ်နဲ့မှ ၂၀.၃ စက္ကန့် ဖြစ်ပါတယ်တဲ့ ခင်ဗျား ...။"

(ဖြောင်း ... ဖြောင်း ... ဖြောင်း ...)

ဟုတ်ကဲ့ ...။
အဲ့ဒီဂျပန် မာရသွန် အပြေးသမားရဲ့ နာမည်ကတော့ Shizo Kanakuri ဖြစ်ပါတယ်။
သူ့ကို ဂျပန်တွေကတော့ "မာရသွန်ပြိုင်ပွဲရဲ့ ဖခင်ကြီး" လို့ ခေါ်ကြပါတယ်။
ဆွီဒင် တွေကတော့ "ပျောက်ဆုံးနေသော ဂျပန်ကြီး" လို့ ခေါ်ကြပါတယ်။
သူ့ကို ၁၈၉၁ ခုနှစ်မှာ မွေးဖွားခဲ့ခြင်း ဖြစ်ပြီး ၁၉၈၃ ခုနှစ်မှာ သေဆုံးသွားခဲ့ပါတယ်။

{-} By - YanTote

တနင်္ဂနွေနဲ့ စတင်တဲ့ လတိုင်းလတိုင်းရဲ့ ၁၃ ရက်နေ့ဟာ ဘယ်နေ့ဖြစ်နိုင်ပါသလဲ ???

0 comments

တစ်ခါတစ်ခါ ရိုးစင်းလွန်းတဲ့ အရာတွေဟာ ဆန်းကြယ်နေတတ်သလို ...
လွယ်လွန်းလှတဲ့ ပုစ္ဆာတွေဟာ ခက်လို့ နေတတ်ပြန်သေးတယ် ...။
အမှတ်တမဲ့ ဆိုတဲ့ အပြုအမူတစ်ခုရဲ့ နောက်ကွယ်မှာ အံ့သြမှု အာမေဋိတ်များစွာဟာ ကပ်လို့ ပါလာတတ်ပါတယ်။

အခုလည်း ဒီလိုပဲ ....။
တတ်သိနားလည် လာကတည်းက ပြက္ခဒိန် ဆိုတာ ကြည့်တတ်လာတယ်။
ဒီနေ့တော့ဖြင့် ဘာနေ့၊ ဘယ်နှစ်ရက် စတာတွေကို သိတယ်။
ဒါပေမယ့် တနင်္ဂနွေနဲ့ စတင်တဲ့ လတစ်လရဲ့ ၁၃ ရက်မြောက်နေ့ဟာ ဘာနေ့လည်းလို့ မေးခဲ့ရင်ဖြင့် ရုတ်တရက် ပြန်ဖြေဖို့

ခက်ခဲနေပါလိမ့်မယ်။
ဒါ့ထက် တနေင်္ဂနွေနဲ့ စတင်တဲ့ လတိုင်း လတိုင်းရဲ့ ၁၃ ရက်မြောက်နေ့ဟာ တူညီသော နေ့တစ်နေ့သာ ဖြစ်တယ်ဆိုရင် ပြက္ခဒိန်ကို

ပြေးကြည့်မိမှာ အမှန်ပါပဲ။

ဟုတ်ကဲ့ .....။
တနင်္ဂနွေနဲ့ စတင်တဲ့ လတိုင်း လတိုင်းရဲ့ ၁၃ ရက်မြောက် နေ့ဟာ သောကြာနေ့ ဖြစ်ပါသတဲ့ဗျာ။
တနင်္လာနဲ့ စတင်တဲ့ လတိုင်း လတိုင်းရဲ့ ၁၃ ရက်မြောက်နေ့ဟာ စနေ ဖြစ်ပါသတဲ့ဗျာ။
အင်္ဂါနဲ့ စတင်တဲ့ လတိုင်း လတိုင်းရဲ့ ၁၃ ရက်မြောက်နေ့ဟာ တနင်္ဂနွေ ဖြစ်ပါသတဲ့ဗျာ။
စသည်ဖြင့်ပေါ့ ......။

မထူးဆန်းပေမယ့် အာမေဋိတ် ဖြစ်စေတတ်တဲ့ အကြောင်းအရာလေး တစ်ခုသာပါပဲရယ်။

{-} By - YanTote

လူတစ်ယောက် ခန္ဓာကိုယ်မှာ အရိုး ဘယ်နှစ်ချောင်း ရှိသလဲ ???

0 comments

လူတွေဟာဆိုရင် အရိုးရှိတဲ့ သတ္တ၀ါတွေပါ။ မှားသွားလား မသိဘူးနော် ...။ :P
အရိုး ........။
လူတစ်ယောက်ဟာ ဆိုရင် မွေးဖွားလာတုန်းမှာ အရိုးပေါင်း ၃၀၀ မှ ၃၅၀ ၀န်းကျင်ထိ ရှိတတ်ကြပါတယ်။
ဒါပေမယ့် ....။
အရွယ်ရောက်လာတဲ့ အခါမှာတော့ အရိုး ၂၀၆ ချောင်းသာ ရှိတော့ပါသတဲ့။

အရိုးတွေဟာဆိုရင် တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေကြပါတယ်။
ဒီနေရာမှာ အရိုး ချိတ်ဆက်ပုံကို ကျမ်းဂန်ထဲ လာတဲ့ အတိုင်း ပြန်ပြီး ပြောရရင် ...
ဘုရားရှင် တို့ရဲ့ အရိုး ချိတ်ဆက်ပုံဟာ တစ်ခုနဲ့တစ်ခု သံကွင်းကြိုးတွေလို ကွင်းဆက် အနေနဲ့ ချိတ်ဆက်နေကြပါသတဲ့။
ရဟန္တာတို့ရဲ့ အရိုး ချိတ်ဆက်ပုံကတော့ ကောက်ချိတ်နဲ့ချိတ်ထားသလို ချိတ်ဆက်နေကြပါသတဲ့။
ရိုးရိုး သာမာန်အရိုးတို့ရဲ့ ချိတ်ဆက်ပုံကတော့ တေ့ဆက်တွေ ဖြစ်ကြပါသတဲ့။

လူ့ခန္ဓာကိုယ်မှာ အရိုး ဘယ်နှစ်ချောင်း ရှိသလဲ ဆိုတဲ့ ကိစ္စမှာဆိုရင် ရေတွက်ပုံ ရေတွက်နည်းပေါ် မူတည်ပြီး မတူညီတတ်ကြပါဘူးတဲ့။
လူ့အရိုးတွေကို စာရင်းပြုထားတာကို WiKi မှာ ကြည့်နိုင်ပါတယ်။

http://en.wikipedia.org/wiki/List_of_bones_of_the_human_skeleton

{-} By - YanTote

တစ်နှစ်မှာ အသက် ဘယ်နှစ်ခါ ရှူသလဲ ???

0 comments

အသက်ရှင်ဖို့အတွက် အသက်ရှူဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် လေကို ရှူဖို့ ထုတ်ဖို့ လိုအပ်ပါတယ်။
နေ့တိုင်းလည်း အသက်ရှူနေကြလို့ အသက်ရှူတဲ့ ကိစ္စဟာ သိပ်တော့ မဆန်းလှဘူးပေါ့။
အသက်ရှူတယ်ဆိုတာလည်း ငယ်ငယ်က သင်ခဲ့ရသလို အောက်ဆီဂျင်ကို ရှူရှိုက်တာ ဖြစ်ပြီး၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ပြန်လည် ထုတ်လွှတ်တာ ဖြစ်ပါတယ်။

ဒီလို အသက်ရှူတဲ့ နေရာမှာဆိုရင် ...
လူတစ်ယောက်ရဲ့ ပုံမှန် အသက်ရှူနှုန်းဟာ ၁ မိနစ်မှာ အကြိမ် (၂၀) ခန့် (၁၂ ကြိမ်မှ ၁၈ ကြိမ်ခန့်ထိ) ရှိပါတယ်။
အိပ်ပျော်နေချိန်မှာတော့ အသက်ရှူနှုန်းဟာ အနည်းငယ် နှေးပြီး ပြေးလွှားနေတဲ့အခါမှာတော့ အနည်းငယ် မြန်တတ်ပါတယ်။

အသက်ရှူနှုန်း

  • ၁ မိနစ် = (၂၀) ကြိမ်ခန့်
  • ၁ နာရီ = (၁၂၀၀) ကြိမ်ခန့်
  • ၁ ရက် = (၂၈၈၀၀) ကြိမ်ခန့်
  • ၁ နှစ် = အသက်ရှူမှု အကြိမ်ရေ ၅ သန်းခန့်

{-} By - YanTote