အနာဂါတ်တွင် ထုတ်လုပ်သွားမည့် မြန်နှုန်းမြင့် ပြတင်းပေါက် မပါသည့် လေယာဉ်
အနာဂါတ်မှာ ထုတ်လုပ်သွားမယ့် အသံထက်မြန်ဆန်တဲ့ လေယာဉ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီလေယာဉ်ကို Business Jet အနေနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Spike Aerospace (S-512) အမည်ရှိတဲ့ ဒီလေယာဉ်ကို လာမယ့် ၂၀၁၈ ခုနှစ်မှာ ပြသသွားဖို့ ရည်မှန်းထားပြီး ခရီးစဉ်များစွာရဲ့ ကြာချိန် ထက်ဝက်ခန့်ကို လျှော့ချသွားနိုင်ရန် ရည်မှန်းထားပါတယ်။
S-512 မှာ ထူးခြားချက် အနေနဲ့ကတော့ ပြတင်းပေါက်များ ပါဝင်မှု မရှိခြင်းပဲ ဖြစ်ပါတယ်။ လေယာဉ်ပေါ် ပါရှိတဲ့ ခရီးသည်တွေအတွက် လေယာဉ်ပြင်ပ ရှုခင်းများကို ကြည့်ရှုရင်း လိုက်ပါသွားရလို ဖြစ်အောင် ယခင် ပြတင်းပေါက် နေရာတွေမှာ Screen တွေနဲ့ ပြသပေးသွားမယ်လို့လည်း သိရပါတယ်။ အကယ်၍ ခရီးသည်တွေ အနေနဲ့ ပြင်ပ ရှုခင်းကို မကြည့်ဘဲနဲ့ ရုပ်ရှင်ကြည့်ချင်တယ် ဆိုရင်လည်း ပြင်ပရှုခင်းအစား Screen ပေါ်မှာ ရုပ်ရှင်ကို ပြသပေးသွားမှာ ဖြစ်ပါတယ်။
လေယာဉ်ပေါ် ပျံသန်းနေစဉ် အခိုက်အတန့်မှာပဲ စီမံခန့်ခွဲရေး လုပ်ငန်းများကို အသုံးပြုနိုင်အောင်လည်း စီမံထားပါသေးတယ်။ ဒါကတော့ ပျံသန်းနေစဉ်အတွင်း မိမိနံဘေးမှ ယခင်ပြတင်းပေါက်များ နေရာ Screen ပေါ်မှာ Power Point Presentation တွေ လုပ်ချင်ရင်လည်း လုပ်နိုင်ပါလိမ့်မယ်။
ပြတင်းပေါက် မပါတဲ့ မြန်နှုန်းမြင့် ဒီလေယာဉ်တွေကို Aerion Corporation ကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး သူ့ရဲ့ မြန်နှုန်းဟာဆိုရင် Match 1.6 ရှိပါတယ်။ ဒီလေယာဉ်တွေဟာ လောင်စာဆီ ကုန်ကျမှုကိုလည်း လျှော့ချရန် ဒီဇိုင်းဆွဲထားပြီး drag 20% လျှော့ချနိုင်အောင်လည်း NASA နဲ့ ပူးပေါင်းပြီး နည်းပညာမြင့် လေယာဉ်တောင်ပံ ဒီဇိုင်းကို ရေးဆွဲထားတယ်လို့ သိရပါတယ်။
Website : http://www.spikeaerospace.com/
Read Full story@CNN News
0 comments:
Post a Comment