ပရော်ဖက်ဆာ ဒေါက်တာ ရမ်းတုတ်၏ ရမ်းတုတ် မှန်းတုတ် မှတ်စုများ

Monday, February 24, 2014

လူတစ်ယောက် ခန္ဓာကိုယ်မှာ အရိုး ဘယ်နှစ်ချောင်း ရှိသလဲ ???


လူတွေဟာဆိုရင် အရိုးရှိတဲ့ သတ္တ၀ါတွေပါ။ မှားသွားလား မသိဘူးနော် ...။ :P
အရိုး ........။
လူတစ်ယောက်ဟာ ဆိုရင် မွေးဖွားလာတုန်းမှာ အရိုးပေါင်း ၃၀၀ မှ ၃၅၀ ၀န်းကျင်ထိ ရှိတတ်ကြပါတယ်။
ဒါပေမယ့် ....။
အရွယ်ရောက်လာတဲ့ အခါမှာတော့ အရိုး ၂၀၆ ချောင်းသာ ရှိတော့ပါသတဲ့။

အရိုးတွေဟာဆိုရင် တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေကြပါတယ်။
ဒီနေရာမှာ အရိုး ချိတ်ဆက်ပုံကို ကျမ်းဂန်ထဲ လာတဲ့ အတိုင်း ပြန်ပြီး ပြောရရင် ...
ဘုရားရှင် တို့ရဲ့ အရိုး ချိတ်ဆက်ပုံဟာ တစ်ခုနဲ့တစ်ခု သံကွင်းကြိုးတွေလို ကွင်းဆက် အနေနဲ့ ချိတ်ဆက်နေကြပါသတဲ့။
ရဟန္တာတို့ရဲ့ အရိုး ချိတ်ဆက်ပုံကတော့ ကောက်ချိတ်နဲ့ချိတ်ထားသလို ချိတ်ဆက်နေကြပါသတဲ့။
ရိုးရိုး သာမာန်အရိုးတို့ရဲ့ ချိတ်ဆက်ပုံကတော့ တေ့ဆက်တွေ ဖြစ်ကြပါသတဲ့။

လူ့ခန္ဓာကိုယ်မှာ အရိုး ဘယ်နှစ်ချောင်း ရှိသလဲ ဆိုတဲ့ ကိစ္စမှာဆိုရင် ရေတွက်ပုံ ရေတွက်နည်းပေါ် မူတည်ပြီး မတူညီတတ်ကြပါဘူးတဲ့။
လူ့အရိုးတွေကို စာရင်းပြုထားတာကို WiKi မှာ ကြည့်နိုင်ပါတယ်။

http://en.wikipedia.org/wiki/List_of_bones_of_the_human_skeleton

{-} By - YanTote

0 comments:

Post a Comment