၅၄ နှစ်ကြာမှ ပန်းဝင်ခဲ့တဲ့ မာရသွန် အပြေးသမား
ခုနှစ်အားဖြင့် ... ၁၉၁၂ ခုနှစ် ...။
အိုလံပစ် ပြိုင်ပွဲကြီး ကျင်းပနေချိန်ပေါ့ ....။
ဒီပြိုင်ပွဲမှာ ဂျပန်လူမျိုး တစ်ယောက်ဟာ မာရသွန် အပြေးပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
မာရသွန် အပြေးသမားတွေ အသီးသီး ကိုယ်စီ ပန်းဝင်သွားခဲ့ကြတယ်။
သူတို့ ... နောက်ဆုံး ကျန်ရှိတဲ့ မာရသွန် အပြေးသမား ဂျပန် တစ်ယောက်ကို စောင့်မျှော်လို့ နေခဲ့ကြပါတယ်။
ဒါပေမယ့် .. မျှော်သာမျှော် ပေါ်မလာသူက စိမ်းကားလို့ သွားခဲ့ပါတယ်။
ဟုတ်ပါတယ်။ ဒီပြိုင်ပွဲအတွင်း ဂျပန် မာရသွန် အပြေးသမားတစ်ယောက်ဟာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။
ခုနှစ်အားဖြင့် ... ၁၉၆၇ ခုနှစ် ...။
ဒီနှစ်မှာ ၁၉၁၂ ခုနှစ်က မာရသွန်ပြိုင်ပွဲအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ ဂျပန် အပြေးသမား ကို ပြိုင်ပွဲ အပြီးသတ်ပေးဖို့ ဖိတ်ခေါ်ခဲ့ကြတယ်။
နေရာက ဆွီဒင်နိုင်ငံမှာပါ။
ဒီဂျပန်ကြီးကလည်း ပြိုင်ပွဲကို ပန်းဝင်ပေးခဲ့ပါတယ်။
ဂျပန်ကြီးရဲ့ ခြေလှမ်းတွေ ပန်းဝင်စည်းကို နင်းဖြတ်လိုက်တဲ့ အချိန်မှာပဲ အစီအစဉ်ကြေညာသူက ထ အော်ပါတော့တယ်။
"ဟုတ်ကဲ့ခင်ဗျာ ....။
အခု ပန်းဝင်လာတဲ့လူရဲ့ စံချိန်ကတော့ ...
၅၄ နှစ်၊ ၈ လ၊ ၆ ရက်၊ ၅ နာရီ၊ ၃၂ မိနစ်နဲ့မှ ၂၀.၃ စက္ကန့် ဖြစ်ပါတယ်တဲ့ ခင်ဗျား ...။"
(ဖြောင်း ... ဖြောင်း ... ဖြောင်း ...)
ဟုတ်ကဲ့ ...။
အဲ့ဒီဂျပန် မာရသွန် အပြေးသမားရဲ့ နာမည်ကတော့ Shizo Kanakuri ဖြစ်ပါတယ်။
သူ့ကို ဂျပန်တွေကတော့ "မာရသွန်ပြိုင်ပွဲရဲ့ ဖခင်ကြီး" လို့ ခေါ်ကြပါတယ်။
ဆွီဒင် တွေကတော့ "ပျောက်ဆုံးနေသော ဂျပန်ကြီး" လို့ ခေါ်ကြပါတယ်။
သူ့ကို ၁၈၉၁ ခုနှစ်မှာ မွေးဖွားခဲ့ခြင်း ဖြစ်ပြီး ၁၉၈၃ ခုနှစ်မှာ သေဆုံးသွားခဲ့ပါတယ်။
{-} By - YanTote
0 comments:
Post a Comment