ပရော်ဖက်ဆာ ဒေါက်တာ ရမ်းတုတ်၏ ရမ်းတုတ် မှန်းတုတ် မှတ်စုများ

Monday, February 24, 2014

တစ်နှစ်မှာ အသက် ဘယ်နှစ်ခါ ရှူသလဲ ???


အသက်ရှင်ဖို့အတွက် အသက်ရှူဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် လေကို ရှူဖို့ ထုတ်ဖို့ လိုအပ်ပါတယ်။
နေ့တိုင်းလည်း အသက်ရှူနေကြလို့ အသက်ရှူတဲ့ ကိစ္စဟာ သိပ်တော့ မဆန်းလှဘူးပေါ့။
အသက်ရှူတယ်ဆိုတာလည်း ငယ်ငယ်က သင်ခဲ့ရသလို အောက်ဆီဂျင်ကို ရှူရှိုက်တာ ဖြစ်ပြီး၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ပြန်လည် ထုတ်လွှတ်တာ ဖြစ်ပါတယ်။

ဒီလို အသက်ရှူတဲ့ နေရာမှာဆိုရင် ...
လူတစ်ယောက်ရဲ့ ပုံမှန် အသက်ရှူနှုန်းဟာ ၁ မိနစ်မှာ အကြိမ် (၂၀) ခန့် (၁၂ ကြိမ်မှ ၁၈ ကြိမ်ခန့်ထိ) ရှိပါတယ်။
အိပ်ပျော်နေချိန်မှာတော့ အသက်ရှူနှုန်းဟာ အနည်းငယ် နှေးပြီး ပြေးလွှားနေတဲ့အခါမှာတော့ အနည်းငယ် မြန်တတ်ပါတယ်။

အသက်ရှူနှုန်း

  • ၁ မိနစ် = (၂၀) ကြိမ်ခန့်
  • ၁ နာရီ = (၁၂၀၀) ကြိမ်ခန့်
  • ၁ ရက် = (၂၈၈၀၀) ကြိမ်ခန့်
  • ၁ နှစ် = အသက်ရှူမှု အကြိမ်ရေ ၅ သန်းခန့်

{-} By - YanTote

0 comments:

Post a Comment