ပရော်ဖက်ဆာ ဒေါက်တာ ရမ်းတုတ်၏ ရမ်းတုတ် မှန်းတုတ် မှတ်စုများ

Monday, February 24, 2014

တနင်္ဂနွေနဲ့ စတင်တဲ့ လတိုင်းလတိုင်းရဲ့ ၁၃ ရက်နေ့ဟာ ဘယ်နေ့ဖြစ်နိုင်ပါသလဲ ???


တစ်ခါတစ်ခါ ရိုးစင်းလွန်းတဲ့ အရာတွေဟာ ဆန်းကြယ်နေတတ်သလို ...
လွယ်လွန်းလှတဲ့ ပုစ္ဆာတွေဟာ ခက်လို့ နေတတ်ပြန်သေးတယ် ...။
အမှတ်တမဲ့ ဆိုတဲ့ အပြုအမူတစ်ခုရဲ့ နောက်ကွယ်မှာ အံ့သြမှု အာမေဋိတ်များစွာဟာ ကပ်လို့ ပါလာတတ်ပါတယ်။

အခုလည်း ဒီလိုပဲ ....။
တတ်သိနားလည် လာကတည်းက ပြက္ခဒိန် ဆိုတာ ကြည့်တတ်လာတယ်။
ဒီနေ့တော့ဖြင့် ဘာနေ့၊ ဘယ်နှစ်ရက် စတာတွေကို သိတယ်။
ဒါပေမယ့် တနင်္ဂနွေနဲ့ စတင်တဲ့ လတစ်လရဲ့ ၁၃ ရက်မြောက်နေ့ဟာ ဘာနေ့လည်းလို့ မေးခဲ့ရင်ဖြင့် ရုတ်တရက် ပြန်ဖြေဖို့

ခက်ခဲနေပါလိမ့်မယ်။
ဒါ့ထက် တနေင်္ဂနွေနဲ့ စတင်တဲ့ လတိုင်း လတိုင်းရဲ့ ၁၃ ရက်မြောက်နေ့ဟာ တူညီသော နေ့တစ်နေ့သာ ဖြစ်တယ်ဆိုရင် ပြက္ခဒိန်ကို

ပြေးကြည့်မိမှာ အမှန်ပါပဲ။

ဟုတ်ကဲ့ .....။
တနင်္ဂနွေနဲ့ စတင်တဲ့ လတိုင်း လတိုင်းရဲ့ ၁၃ ရက်မြောက် နေ့ဟာ သောကြာနေ့ ဖြစ်ပါသတဲ့ဗျာ။
တနင်္လာနဲ့ စတင်တဲ့ လတိုင်း လတိုင်းရဲ့ ၁၃ ရက်မြောက်နေ့ဟာ စနေ ဖြစ်ပါသတဲ့ဗျာ။
အင်္ဂါနဲ့ စတင်တဲ့ လတိုင်း လတိုင်းရဲ့ ၁၃ ရက်မြောက်နေ့ဟာ တနင်္ဂနွေ ဖြစ်ပါသတဲ့ဗျာ။
စသည်ဖြင့်ပေါ့ ......။

မထူးဆန်းပေမယ့် အာမေဋိတ် ဖြစ်စေတတ်တဲ့ အကြောင်းအရာလေး တစ်ခုသာပါပဲရယ်။

{-} By - YanTote

0 comments:

Post a Comment