၁။ အနီရောင် ငရုပ်ပွသီး

ဒီအနီရောင် ငရုပ်ပွသီးတွေကို ချက်ပြုတ်ပြီးလည်း စားသောက်နိုင်သလို၊ ဒီအတိုင်းလည်း စားသောက်နိုင်ပါတယ်။ အရသာ ရှိတဲ့ အသီးအနှံတစ်မျိုးပါပဲ။ အနီရောင် ငရုပ်ပွသီးမှာ ဆိုရင် နေ့စဉ် လိုအပ်တဲ့ ဗီတာမင် စီ ဓါတ် ၁၀၀ ရာခိုင်နှုန်းအထက် ပါရှိပါတယ်။ ဒါ့အပြင် လုံလောက်တဲ့ ဖိုင်ဘာဓါတ်တွေနဲ့ ဗီတာမင် B6 လည်း ပါဝင်ပါသေးတယ်။ ဒီထက် ပိုပြီး ပြောရရင်တော့ အနီရောင် ငရုပ်ပွသီးမှာ carotenoid တွေ ပေါပေါများများ ပါဝင်တာကြောင့်မို့ အရေပြား တွန့်ကြေခြင်းကိုလည်း တားဆီးပေးပြီး အရေပြား သွေးကြောလှည့်ပတ်အားကိုလည်း ကောင်းစေနိုင်ပါတယ်။ ပိုပြီးတော့ နုပျိုစေနိုင်ပါတယ်။ ဒီအနီရောင် ငရုပ်ပွသီးဟာ ဆိုရင် မျက်နှာ အလှပျက်စေတဲ့ ၀က်ခြံတွေကို နှိမ်နှင်းဖို့အတွက်တော့ တကယ်ကောင်းတဲ့ အသီးအနှံတစ်ခုပါပဲ။
၂။ ချောကလက် အနက်

အနက်ရောင် ချောကလက်မှာဆိုရင် antioxidant, fatty acid နဲ့ flavanol ဓါတ်တွေ ပေါကြွယ်စွာ ပါရှိပါတယ်။ ဒီဓါတ်တွေက အသားအရည်ကို အားကောင်းစေပါတယ်။ antioxidant ဟာဆိုရင် အသားအရည် ကြမ်းတမ်းခြင်းကို လျှော့ချပေးပြီး နေလောင်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဒီချောကနက်ထဲ ပါဝင်တဲ့ ကိုကိုးတွေဟာဆိုရင် အရေပြား ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒါတွေကြောင့် ချောကလက်ကို တစ်နေ့တစ်အောင်စခန့် စားသုံးပေးသင့်ပါတယ်။
၃။ ဆော်လမွန် ငါး

ဆော်လမွန် ငါး ဟာဆိုရင် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်ရတာတွေနဲ့ စိတ်ကျတာတွေအတွက် အလွန်ကောင်းမွန်တဲ့ အစားအသောက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဆော်လမွန် ဟာဆိုရင် နေ့စဉ် လိုအပ်တဲ့ ဗီတာမင် ဒီ ဓါတ်တွေကို ဖြည့်ဆည်းပေးပါတယ်။ ဗီတာမင် ဒီ ဓါတ်ဟာဆိုရင် နှလုံး၊ အရိုး၊ ဦးနှောက်နဲ့ အူမတို့အတွက် ဓါတ်တစ်မျိုးပါပဲ။ ဒါကြောင့်ပဲ အူမ ကင်ဆာ၊ စိတ်ကျရောဂါ၊ စိတ်ဖိစီးမှု၊ နှလုံးရောဂါတွေနဲ့ အရိုးရောဂါတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒီဆော်လမွန်ငါး မှာဆိုရင် omega-3 fatty acid လည်း ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒီဓါတ်ဟာဆိုရင် အသားအရည် ဖူးရောင်တာ၊ အရေပြားတွန့်တာနဲ့ ၀က်ခြံရောဂါတွေအတွက် အကောင်းဆုံးပါပဲ။ Omega 3 မြင့်မားစွာ ပါဝင်တဲ့အတွက် အသားအရည် ခြောက်သွေ့ခြင်းကိုလည်း ကူညီပေးနိုင်ပါတယ်။ ဒီထက်ဆိုရရင်တော့ဖြင့် ဆော်လမွန်ငါးဟာ ဦးရေပြား ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး ဆံနွယ်တွေကိုလည်း နက်မှောင်လို့ သန်စွမ်းစေနိုင်ပါတယ်။
၎။ အုန်းဆီ (ဒါကတော့ လိမ်းရမှာ)

အုန်းဆီမှာဆိုရင် ကယ်လိုရီ ၉၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ပြီးတော့ lauric acid လည်း ပါဝင်ပါတယ်။ ဒီဓါတ်က ရောဂါပိုးမွှားတွေ၊ အသားအရည် ရောင်တာတွေနဲ့ ၀က်ခြံတွေအတွက် ကောင်းပါတယ်။ ဒီအုန်းဆီမှာဆိုရင် လိုအပ်တဲ့ fatty acid နဲ့ ဗီတာမင် အီး တွေ ပါဝင်တာကြောင့် အသားအရည်ကို စိုပြေဖို့၊ ချောမွတ်ဖို့နဲ့ အရေတွန့်တာတွေအတွက် ကောင်းပါတယ်။ ဒီအုန်းဆီကို နေ့စဉ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာခန့် ခန္ဓာကိုယ်မှာ လိမ်းပေးသင့်ပါတယ်။ အုန်းဆီဟာ အဖုအကြိတ် ပေါက်တာတွေအတွက်လည်း ကောင်းပါတယ်။ ဒီထက်ပိုပြောရရင်တော့ အုန်းဆီဟာဆိုရင် ၀ိတ်ချဖို့အတွက်လည်း ကောင်းပါသေးတယ်။ ကဲ ... အုန်းဆီက ဒီလောက်ထိ ကျန်းမာရေးအတွက် အကျိုးပြုလိမ့်မယ်လို့ ထင်မလားဘူး မဟုတ်လား။
၅။ လက်ဖက်ရည် (ရေနွေးကြမ်း)

"လက်ဖက်ရည် အဖန် သောက်ရင်ဖြင့်၊ ကျက်သရေ အမှန် ရောက်ပါလိမ့်၊ ကြံသလောက် ပြီးတဲ့ ရေ" လို့ မြန်မာမှာ ဆိုလင်္ကာ ရှိပါတယ်။ ကြံသလောက် ပြီးတဲ့ရေ ဆိုတော့ကာ လက်ဖက်ရည် သောက်ပြီး ကြံဖန်ရင် ပိုပြီး အထမြောက်စေတယ်လို့ ဆိုလိုတာပေါ့နော်။ ဟုတ်ချင်လည်း ဟုတ်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ အဲ့ဒီ လက်ဖက်ရည် အဖန်ဟာဆိုရင် antioxidant ဓါတ်တွေရဲ့ အရင်းအမြစ် ဖြစ်သလို၊ amino acid ဓါတ် ပါဝင်မှုဟာလည်း ပြိုင်ဘက်ကင်း အနေအထားမှာ ဖြစ်ပါသတဲ့။ L-theanine ဓါတ်လည်း ပါဝင်ပြီး ဒီဓါတ်တွေဟာဆိုရင် ခန္ဓာကိုယ် အကြောအချဉ်တွေ လျှော့ကျစေပြီး ဖိအားများမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်မို့လည်း ကြံရ ဖန်ရ လွယ်ကူစေတာ ဖြစ်ပါလိမ့်မယ်။ လက်ဖက်ရည် အဖန်ဟာ သွေးဖိအားမြင့်တက်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ နေ့စဉ် သုံးခွက်နဲ့အထက် သောက်သုံးပေးခြင်းအားဖြင့် သင့်ရဲ့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ပါလိမ့်မယ်။
၆။ ဟင်းနုနွယ်

ဟင်းနုနွယ် ဟာဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အဟာရဓါတ်တွေ များစွာပါဝင်တာမို့ နေ့စဉ် စားသုံးသင့်တဲ့ အစားအစာ တစ်ခုပါပဲ။ ဟင်းနုနွယ်မှာ ပါဝင်တဲ့ ဓာတ်တွေကတော့ အများကြီးပဲ။ ဘာတွေလဲ ဆိုတော့ ... iron, folate, chlorophyll, Vitamin E, magnesium, Vitamin A, fiber, plant protein နဲ့ Vitamin C တို့ ပါဝင်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ antioxidant စွမ်းရည်တွေ၊ Vitamins C, E နဲ့ A တို့ဟာ ဆိုရင် အသားအရည် အတွက် အထူးပင် သင့်လျော်လှပါတယ်။ ဟင်းနုနွယ်မှာ ပါဝင်တဲ့ antioxidant ဟာဆိုရင် အရေပြား ရောဂါများကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့်မို့ ဟင်းနုနွယ်ကို နေ့စဉ်စားပေးသင့်လှပါတယ်။ ဒီလို နေ့စဉ် စားပေးခြင်းအားဖြင့် ၀င်းပသော အသားအရည်များကို ပိုင်ဆိုင်လာနိုင်ပါလိမ့်မယ်။
၇။ အစေ့များ

အစေ့တွေထဲမှာ ဆိုရင် နေကြာစေ့၊ ရွှေဖရုံသီးစေ့၊ နှမ်းကြတ်စေ့ တွေဟာဆိုရင် အသားအရည်အတွက် ကောင်းပါတယ်။ ဒီထဲကမှ ရွှေဖရုံသီးစေ့နဲ့ နေကြာစေ့မှာဆိုရင် selenium, Vitamin E, magnesium နဲ့ protein ဓါတ်တွေ ပါဝင်ပါတယ်။ Selenium နဲ့ protein ဓါတ်တွေဟာဆိုရင် အသားအရေ တွန့်ခြင်းအတွက် ကောင်းပြီး Vitamin E ကတော့ အသားအရည်ကို စွတ်စိုနေစေပါတယ်။ နှမ်းကြတ်စေ့ ထဲမှာဆိုရင်တော့ Omega 3 fatty acid တွေ ပါဝင်တာ ဖြစ်တဲ့အတွက် အရေတွန့်တာနဲ့ ၀က်ခြံ ထွက်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီအစေ့တွေကိုတော့ အရွက်သုပ်တွေထဲမှာ ထည့်သွင်း စားသောက်တာ ကောင်းပါတယ်။ ကြိုက်သလို စား၊ ဗိုက်ထဲ ရောက်သွားဖို့က အဓိက ပါပဲ။
၈။ တရုတ်နံနံ

အသားအရည် အတွက် စားသောက်သင့်တဲ့ နောက်တစ်မျိုးကတော့ တရုတ်နံနံ(ကြီး) ဖြစ်ပါတယ်။ သူ့မှာဆိုရင် ဗီတာမင် ကေ ဓါတ်တွေ ပါဝင်ပါတယ်။ ဗီတာမင် ကေ ဟာဆိုရင် သွေးလည်ပတ်မှုအား ကောင်းစေနိုင်ပါတယ်။ ပြီးတော့ ဖိအားတွေကိုလည်း လျှော့ကျစေပါတယ်။ ဖိအား လျှော့ကျတဲ့အတွက် အရေပြား မွဲခြောက်တာ၊ ကင်ဆာ ဖြစ်စေတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ တရုတ်နံနံမှာဆိုရင် သဘာဝ ဆိုဒီယမ်ဓါတ်တွေ၊ ပိုတက်စီယမ်နဲ့ ရေဓါတ်တွေ ပါဝင်တဲ့အတွက် ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးပါတယ်။ ရေဓါတ်ခမ်းတော့ အသားမွဲခြောက်တာ၊ တွန့်တာ၊ အသာတွေ ကွာတာ မျိုးတွေ ဖြစ်တေတတ်တဲ့အတွက် ရေဓါတ်ခမ်းတာကို ကာကွယ်ပေးထားတဲ့ ဒီတရုတ်နံနံကို စားသုံးခြင်းအားဖြင့် ဒါတွေ မဖြစ်တော့ဘူးပေါ့။
၉။ သင်္ဘောသီး

သင်္ဘောသီးဟာဆိုရင် သဘာဝ အကျိုးကျေးဇူးတွေ အများကြီး ရရှိစေတဲ့ အသီးပဲ ဖြစ်ပါတယ်။ သူ့ထဲမှာ ကယ်လိုရီ ဓါတ် အနည်းငယ်သာ ပါဝင်ပြီး ကိုလက်စထရော ဓါတ်လည်း ပါဝင်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့ သင်ဟာ ၀ိတ်ချနေတဲ့ လူတစ်ယောက်ဆိုရင်တော့ သင်္ဘောသီးတွေကို နေ့စဉ် စားသုံးပေးသင့်လှပါတယ်။ သင်္ဘောသီးမှာ fructose (သကြားဓါတ်၊ အချိုဓါတ် ဖြစ်မယ်ထင်) အနည်းငယ်သာ ပါဝင်ပြီး အစာကိုလည်း ကြေညက်စေနိုင်ပါတယ်။ သူ့ထဲမှာဆိုရင် antioxidant ဓာတ်တွေကိုလည်း တွေ့ရပြီး ဗီတာမင် စီ၊ အီးနဲ့ beta-carotene လည်း ပါဝင်တဲ့အတွက် အသားအရည် ဖူးရောင်ခြင်းနဲ့ ၀က်ခြံတွေအတွက် ကောင်းပါတယ်။ ဒီထက် ဗီတာမင် စီ ပါဝင်တာကြောင့် နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၁၀။ မုန်လာဥနီ

မုန်လာဥနီ နဲ့ ပတ်သက်ပြီး ကမ္ဘာကျော် အင်္ဂလိပ် ဇာတ်ကားတစ်ကား ကြည့်ခဲ့ဖူးတယ်။ အဲ့ဒီ ဇာတ်ကားထဲမှာ ဇာတ်လိုက်ဖြစ်သူက မုန်လာဥနီ ကို တော်တော် စားတာ။ သူက လက်ဖြောင့် သေနတ်သမား။ သူ့မျက်လုံးတွေကလည်း စူးရှသလား မမေးနဲ့။ သိမ်းငှက်အလားပဲ။ ဒါက မုန်လာဥနီ ဟာဆိုရင် မျက်လုံး အမြင်အာရုံကို ကောင်းစေတယ်ဆိုတဲ့ အချက်ကို ရည်ညွှန်းချင်တာပါ။ အခုလည်း ဒီလိုပဲ မုန်လာဥနီဟာ အမြင်အာရုံကို ကောင်းစေနိုင်ပါတယ်။ အဲ .. ဒီထက် ခန္ဓာကိုယ် အရေပြား အတွက်လည်း ကောင်းစေနိုင်ပါတယ်။ ဗီတာမင် အေ ဓါတ်တွေ များစွာ ပါဝင်တာကြောင့်မို့ အရေပြား အပြင်ဘက် လေယာက ဆဲလ်တွေ အပိုထုတ်လုပ်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ နောက်တစ်ချက်ကလည်း ဗီတာမင် အေ ပါရှိတဲ့အတွက် ကင်ဆာ ဖြစ်စေတဲ့ ဆဲလ်တွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့်မို့ အသားအရည် ကောင်းနေစေဖို့အတွက် တစ်နေ့တစ်နေ့ မုန်လာဥနီကို နည်းနည်းချင်း ကိုက်ဝါးပြီး စားပေးပါ။
=========
အထက်က အစားအစာတွေကတော့ အသားအရည် စိုပြေ၀င်းပ နေစေဖို့အတွက် စားသုံးသင့်တဲ့ အစားအစာတွေပါပဲ။ နေ့တိုင်းချည်း မဟုတ်တောင် တစ်ရက်ခြားလောက်တော့ သင့်တော်တဲ့ ဟာတွေကို စားသုံးပေးသင့်ပါတယ်။ ဒါ့ထက် အသားအရည် အတွက် အဟာရ မပြည့်တဲ့ အစားအစာတွေ၊ သကြားဓါတ် များလွန်းတဲ့ အစာတွေကိုတော့ ရှောင်ကြဉ်ပါ။ ကျေးဇူးတင်ပါတယ်။
အပြည့်အစုံ ဖတ်ရှုရန် - http://en.amerikanki.com/
================
{-} By-YanTote
================
0 comments:
Post a Comment