ပရော်ဖက်ဆာ ဒေါက်တာ ရမ်းတုတ်၏ ရမ်းတုတ် မှန်းတုတ် မှတ်စုများ

Tuesday, March 11, 2014

လှပသောအသားအရည် ပိုင်ဆိုင်လိုလျှင် ဒါတွေကို နေ့စဉ်စားပါ။

0 comments
သင့် အနေနဲ့ စိုပြေ လှပသော အသားအရည်ကို ပိုင်ဆိုင်ဖို့အတွက် ဈေးကြီး ပေးဝယ်ရတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုနေကြရပါသလား? ဒါဆိုရင်တော့ ဈေးနှုန်းကြီးမြင့်လှတဲ့ ဒီပစ္စည်းတွေအစား ဈေးနှုန်းချိုသာပြီး စွမ်းရည်ထက်လှတဲ့ အောက်ပါ အစားအစာတွေကို စားသုံးပေးခြင်းဖြင့် စိုပြေ၀င်းပတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်ကြောင်း ဖောက်သည်ချပါရစေ။ အသားအရည် စိုပြေ၀င်းပစေတဲ့ အစားအစာ (၁၀) မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။  
၁။ အနီရောင် ငရုပ်ပွသီး
ဒီအနီရောင် ငရုပ်ပွသီးတွေကို ချက်ပြုတ်ပြီးလည်း စားသောက်နိုင်သလို၊ ဒီအတိုင်းလည်း စားသောက်နိုင်ပါတယ်။ အရသာ ရှိတဲ့ အသီးအနှံတစ်မျိုးပါပဲ။ အနီရောင် ငရုပ်ပွသီးမှာ ဆိုရင် နေ့စဉ် လိုအပ်တဲ့ ဗီတာမင် စီ ဓါတ် ၁၀၀ ရာခိုင်နှုန်းအထက် ပါရှိပါတယ်။ ဒါ့အပြင် လုံလောက်တဲ့ ဖိုင်ဘာဓါတ်တွေနဲ့ ဗီတာမင် B6 လည်း ပါဝင်ပါသေးတယ်။ ဒီထက် ပိုပြီး ပြောရရင်တော့ အနီရောင် ငရုပ်ပွသီးမှာ carotenoid တွေ ပေါပေါများများ ပါဝင်တာကြောင့်မို့ အရေပြား တွန့်ကြေခြင်းကိုလည်း တားဆီးပေးပြီး အရေပြား သွေးကြောလှည့်ပတ်အားကိုလည်း ကောင်းစေနိုင်ပါတယ်။ ပိုပြီးတော့ နုပျိုစေနိုင်ပါတယ်။ ဒီအနီရောင် ငရုပ်ပွသီးဟာ ဆိုရင် မျက်နှာ အလှပျက်စေတဲ့ ၀က်ခြံတွေကို နှိမ်နှင်းဖို့အတွက်တော့ တကယ်ကောင်းတဲ့ အသီးအနှံတစ်ခုပါပဲ။

မျက်လုံးထဲ အသည်းနှလုံး ထည့်ကြမလား?

0 comments


အမေရိကန် နိုင်ငံ၊ နယူးယောက် က Kristina Kovalevskaya အမည်ရတဲ့ အမျိုးသမီးဟာ Park Avenue Laser Vision မှ ဒေါက်တာ Emil Chynn ထံမှာ အရွယ်အစား အားဖြင့် 3.5mm ရှိတဲ့ ပလက်တီနမ် အသည်းနှလုံးပြားလေးကို သူမရဲ့ မျက်လုံးအတွင်း ထည့်သွင်းခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူမဟာ နယူးယောက်ရဲ့ အမျိုးသမီးထုကြားမှာ မျက်လုံးအတွင်း ကျောက်မျက်ရတနာ ထည့်သွင်းတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လို့ လာခဲ့ပါတယ်။ သူမ အနေနဲ့ ယခု ထည့်သွင်းထားတဲ့ အသည်းနှလုံးပုံ အစား အခြားသော ပုံစံတွေကိုလည်း ပြောင်းလဲ ထည့်သွင်းသွားချင်ပါတယ်လို့ ပြောခဲ့ပါသေးတယ်။

ဒီမျက်လုံးအတွင်း ထည့်သွင်းတဲ့ ကျောက်မျက်ရတနာ တွေဟာဆိုရင် FDA နဲ့ American Academy of Ophthalmology ကနေ စစ်ဆေးထားတဲ့ ကျောက်မျက်တွေ မဟုတ်ကြပါဘူး။ ဒါကြောင့် ရောဂါတွေအတွက်တော့ အာမခံချက် မရှိပါဘူး။ ဒေါက်တာ Emil Chynn ရဲ့ စကားအရ ဒီလို မျက်လုံးအတွင်း ကျောက်မျက်ထည့်သွင်းတဲ့ အခါမှာ အနည်းငယ် သွေးထွက်နိုင်ပါတယ်။ ရောဂါလည်း ကူးစက်နိုင်ပါတယ်။ ဒါပေမယ့်လို့လည်း သူတို့အနေနဲ့ ရောဂါတွေအတွက် ကာကွယ်ဆေးတွေကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ပြီးတော့လည်း မျက်လုံးအတွင်း ထည့်သွင်းထားတဲ့ ကျောက်မျက်ရတနာတွေကို ပုံစံပြောင်းလဲ ထည့်သွင်းချင်ပါကလည်း ဒေါ်လာ ၁၀၀၀ ပေးလို့ အချိန်မရွေး ပြန်ပြီး လဲလှယ်နိုင်ကြောင်းလည်း သိရပါတယ်။

Website : Park Avenue Laser Vision  
Read Full Story @ DailyMail  
Watch Video : http://www.youtube.com/watch?v=VH3EpgOt-z8

Sunday, March 9, 2014

အနာဂါတ်တွင် ထုတ်လုပ်သွားမည့် မြန်နှုန်းမြင့် ပြတင်းပေါက် မပါသည့် လေယာဉ်

0 comments

အနာဂါတ်မှာ ထုတ်လုပ်သွားမယ့် အသံထက်မြန်ဆန်တဲ့ လေယာဉ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီလေယာဉ်ကို Business Jet အနေနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Spike Aerospace (S-512) အမည်ရှိတဲ့ ဒီလေယာဉ်ကို လာမယ့် ၂၀၁၈ ခုနှစ်မှာ ပြသသွားဖို့ ရည်မှန်းထားပြီး ခရီးစဉ်များစွာရဲ့ ကြာချိန် ထက်ဝက်ခန့်ကို လျှော့ချသွားနိုင်ရန် ရည်မှန်းထားပါတယ်။

ထူးထူးခြားခြား ခန္ဓာကိုယ် သွယ်လျစေမည့် နည်းလမ်းများ

0 comments
မနက်စာ ခပ်ချိုချို မုန့်တွေကို စားသုံးပါ။



ဝိတ်ချနေတဲ့လူတွေရဲ့ စားသောက်မှုကို လေ့လာကြည့်တဲ့အခါ အဲ့ဒီလူတွေဟာ ဒီထက်ပိုပြီး ၀ိတ်တက်မလာအောင် သူတို့ရဲ့ မနက်စာအဖြစ် အချိုပါတဲ့ အစားအစာတွေကို များများ စားသောက်တတ်ကြပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုတော့ကာ ... အဲ့ဒီနေ့ အဲ့ဒီရက်ရဲ့ ကျန်ရှိနေတဲ့ အချိန်ပိုင်း (နေ့ခင်း၊ ညနေ၊ ည) တွေမှာ အချိုတွေ စားခြင်းကို ထိန်းချုပ်ဖို့ အတွက်ပဲ ဖြစ်ပါသတဲ့။

Thursday, February 27, 2014

ပုရွက်ဆိတ်နဲ့ လူဟာ အလေးချိန် အတူတူပါပဲ။

0 comments

ဟောဗျာ ....။
ဘယ့်နှယ်ဟာကြီးတုန်း ....။
ပုရွက်ဆိတ် ဆိုတာ ပုစိညှောင့်တောင့်လေး ....။
လူဆိုတာက ပုရွက်ဆိတ်နဲ့ ယှဉ်ရင် ဂေါ်ဇီလာ နဲ့ ခြင်နဲ့လောက် ကွာလိမ့်မယ် ထင်တယ်။
ဒါကိုပဲ ပုရွက်ဆိတ်နဲ့ လူ ... အလေးချိန် အတူတူ ဆိုတော့ကာ ....

ဟုတ်ပါတယ်။
ပုရွက်ဆိတ် အကောင်ရေ တစ်သန်းဟာ ဆိုရင် လူတစ်ယောက်နဲ့ ညီမျှပါသတဲ့။
မယုံရင် ပုရွက်ဆိတ်တွေ စုပြီး တိုင်းကြည့်ပေါ့။
ဒီထက် ဆန်းတာကို ပြောရရင်တော့ ...

ဟောဒီကမ္ဘာကြီးပေါ်မှာ ရှိရှိသမျှ လူသားတွေရဲ့ အလေးချိန်နဲ့ ရှိရှိသမျှ ပုရွက်ဆိတ်တို့ရဲ့ အလေးချိန်ဟာ တူညီပါသတဲ့။
ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။
ပုရွက်ဆိတ်တွင်း တစ်တွင်း ဆိုရင်တောင် အကောင်တွေက နည်းတာ မဟုတ်ဘူး။

{-} By - YanTote